Thursday, November 6, 2008

ဆန်တစ်လုံး

ငယ်ငယ်တုန်းက အကြောင်းလေးတစ်ခုပါ။ သူငယ်တန်းလား တစ်တန်းလားတော့မပြောတတ်ပါဘူး။ ကျောင်းမှာ ဝါဆိုသင်္ကန်းကပ်ဖို့ ဆိုပြီး ကျောင်းသားတစ်ယောက်ကို ဆန်တစ်လုံးဆီ ယူခိုင်းတယ်။ အိမ်ရောက်တော့ အမေ့ကိုပြောပြတာပေါ့။ အစ်မေကလည်း မနက်ကျရင် အဆင်သင့်လုပ်ထားပေးမယ်တဲ့။ အဲ နောက်တစ်နေ့မနက်ရောက်ပါလေရော။ ပြဿနာက အဲဒီမှာစတော့တာပဲ။ အမေကသူ အဆင်သင့်ပြင်ထားတဲ့ ဆန်ကို ကျွတ်ကျွတ်အိတ်နဲ့ ထုပ်ပြီးပေးတာပေါ့။ အဲဒီဆန်ထုပ်လည်းမြင်ရော အမေ့ကိုဆူပါလေရော။ ဆရာမကဆန်တစ်လုံးတည်း လိုချင်တာကို အမေကဘာလို့ တစ်ထုပ်တောင်ပေးရတာလဲလို့ပေါ့။ အဲဒီမှာ အမေကသဘောပေါက်သွားပြီး၊ ဆရာမပြောသော ဆန်တစ်လုံး ဆိုသည်မှာ ဆန်နို့ဆီဘူးတစ်လုံးဖြစ်ကြောင်း၊ ကျွန်တော်ထင်သော ဆန်တစ်လုံးဆိုသည်မှာ ဆန်တစ်စေ့ဟုသာခေါ်ကြောင်း ရှင်းပြတာပေါ့။ အရာမထင်ပါ။ ကျွန်တော် ဒီဆန်တစ်ထုပ်သာပေးလိုက်လို့ကတော့ အတန်းသားများဝိုင်းရယ်တော့မှာပဲ ဆရာမကလည်း အသားကုန်ဆူတော့မှာပဲ ဆိုပြီးတော့ ကျောင်းမသွားတော့ဘူးဆိုပြီး ငိုပါလေရော။ တစ်အိမ်လုံးကဝိုင်းပြီး သက်သေထူပြီးပြောတာတောင် လက်မခံဘူး။ နောက်ဆုံးတော့ ဘယ်လို ချော့လိုက်ရာလည်းဆိုတော့ ဆန်အိတ်ကိုဖွက်ပြီးယူသွား၊ တစ်ခြားကျောင်းသားတွေ ဘယ်လောက်ပေးလည်းဆိုတာ အခြေအနေကြည့်ပြီးပေးပေါ့လို့ သဘောတူညီချက်နဲ့ ကျောင်းသွားခိုင်းမှပဲ ကျောင်းကို သွားတော့တယ်။ အားလုံး မြန်မာစာကို ရှင်းရှင်းလင်းလင်းနားလည် နိုင်ကြပါစေ။

6 comments:

leomoon28 said...

harh ar
that's damn funny

mmhan said...

တော်သေးတာပေါ့.. ဆန်တစ်ပြည်ယူလာလို့သာ ပြောလို့ကတော့..

Thet Paing Soe Zaw said...

=)

Unknown said...

ဟားဟား

Unknown said...

mite thar pal

Shirley said...

LoL! kyan kyan fan fan!