Thursday, December 18, 2008

"IQ ဆိုတာဘာလဲ?"

သူငယ်ချင်းတစ်ယောက်ကို မေးဖူးပါတယ်။ IQ ဆိုတာဘာလဲလို့။ သူကပြန်ဖြေတယ် IQ ဆိုတာ "Intelligence Quotient" တဲ့။ ဒါကတော့ လူတိုင်းသိမယ်ထင်ပါတယ်။ တကယ်တော့ IQ ဆိုတာ လူတွေရဲ့ smartness ကိုတိုင်းတာတဲ့ unit တစ်ခုပါပဲ။ အဲဒါကို အစပျိုးပေးခဲ့သူကတော့ ပြစ်သစ် စိတ္တဗေဒပညာရှင်ကြီး Alfred Binet ပါပဲ။ သူနဲ့ သူလက်ထောက် Theodore Simon တို့ဟာ ၁၉၀၅ခုနှစ်မှာ လူတွေရဲ့ intelligence ကိုတိုင်းဖို့အတွက် Binet Simon Test ကိုထုတ်ခဲ့ကြပါတယ်။ ဒီ Testဟာ လူတစ်ယောက်ရဲ့ Intelligence ကိုအကြမ်းဖျင်းလောက်တော့ ခန့်မှန်းလို့ရအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ယခုခေတ် ကျွန်တော်တို့အသုံးပြုနေတဲ့ IQ ကိုတွက်တဲ့ပုံသေနည်းကို စတင်ဖော်ထုတ်ခဲ့သူကတော့ ဂျာမန် စိတ္တဗေဒပညာရှင်ကြီး William Stern ပဲဖြစ်ပါတယ်။ သူက Binet Simon Test ကရတဲ့အဖြေကို အခြေခံပြီးတော့ IQ တွက်တဲ့နည်းကိုဖော်ထုတ်ခဲ့တာပါ။ IQ တွက်တဲ့နည်းကတော့ အဲဒီ Binet Simon Test ကိုကျွန်တော်တို့ဖြေလို့ရမယ့် အမှတ် တစ်နည်းအားဖြင့် ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာရင့်ကျက်မှု(Mental Age) ကိုတည် ကျွန်တော်တို့ လက်ရှိအသက်(Chronological Age) နဲ့စား ရတဲ့ဟာကို ၁၀၀နဲ့ မြှောက်ရတာဖြစ်ပါတယ်။
100x(MA/CA)
အကယ်၍ ကိုယ်ရဲ့​ IQ က ၁၀၀ ရနေမယ်ဆိုရင် ကိုယ့်ရဲ့ခန္ဓာကိုယ် အသက်နဲ့ ဥာဏ်ပညာအသက် တူညီတယ်လို့ အဓိပ္ပါယ်ရပါတယ်။ ကမ္ဘာပေါ်မှာရှိ လူဦးရေရဲ့ ၈၀%ဟာ IQ ၈၀ နဲ့ ၁၂၀ကြားမှာရှိပါတယ်။ IQ ၇၅ ထက်နိမ့်ရင်တော့ ဥာဏ်ရည်မမှီးဘူးလို့သတ်မှတ်လို့ရပါတယ်။ ကဲ.... အခုသင်လည်းသင့် IQ ဘယ်လောက်ရှိလဲသိချင်နေရောပေါ့။ ဒီ Linkလေးကိုသွားလိုက်ပါ။ စာဖတ်သူအားလုံး ကျေနပ်နိုင်ကြပါစေ။

No comments: