Saturday, June 27, 2009

PHYSICS

ဘာရယ်မဟုတ်ပါဘူး။ MST အတွက်စာလုပ်နေရင်း ပျင်းလာလို့ စာရေးမယ်ဆိုပြီးအတွေးဝင်လာတာပါ။ ဒီ blog ထဲလဲ မရောက်တာကြာပြီလေ။ Physics ဆရာတစ်ယောက်ပြောတဲ့ ပုစ္ဆာလေးပါ။ ကျွန်တော်ကတော့ အခုထိကို သတိရနေတုန်းပဲ။ တော်တော်များများလဲ ကြားဖူးမယ်ထင်ပါတယ်။ မကြားဖူးတဲ့သူတွေ အတွက် ဝေမျှချင်လို့ပါ။ ပုစ္ဆာလေးကဒီလိုပါ။
" သင်ဟာ အာကာသ ယဉ်မှူးတစ်ယောက်ဆိုကြပါစို့။ သင့်အာကာသယဉ်ရဲ့ အဝေးတစ်နေရာမှာ သင်ဟာ အရာတစ်ခုခုကို ပြုပြင်နေတယ်။(ဆိုလိုတာက အာကာသထဲမှာပဲ ဒါပေမယ့် သင်ဟာယဉ်နားမှာတော့ မရှိဘူးပေါ့)။ အဲဒီ အချိန်မှာပဲ သင်နဲ့ အာကာသယဉ်နဲ့ ဆက်သွယ်ထားတဲ့ကြိုးက အကြောင်းတစ်ခုခုကြောင့် ပြတ်သွားတယ်ဆိုပါစို့။ သင့်လက်ထဲမှာလည်း ကပ်ကြေးတစ်ချောင်းပဲရှိတယ်။ ကဲ သင့်ရဲ့အသက်ကို ဥာဏ်နဲ့သာကယ်တင်ပေတော့တဲ့။ မေးချင်တာကတော့ သင်ဟာဘယ်လိုနည်းနဲ့ ယဉ်ဆီကိုပြန်သွားမလဲပေါ့နော်။"
ကဲအားလုံးပဲ ဒီပုစ္ဆာလေးကို အဖြေရှာကြည့်ပါလား
အဖြေကတော့ comment ထဲမှာရှိပါတယ်။ စာဖတ်သူအားလုံး အပျင်းပြေနိုင်ပါစေ။

2 comments:

Thet Paing Soe Zaw said...

အဖြေကတော့ ဒီလိုပါ။ သင့်ရဲ့အာကာသယဉ်ကို သင့်နောက်ကျော တည့်တည့်ရောက်အောင့် သင့်ကိုယ်ကို လှည့်လိုက်ပါ။ ပြီးတော့ သင့်လက်ထဲမှာရှိတဲ့ ကပ်ကြေးကို သင့်တည့်တည့်ကို လွှင့်ပစ်လိုက်ပါ။ Momentum တည်မြဲမှုနိယာမအရ သင်ဟာ သင့်ကပ်ကြေးကို ပစ်လိုက်တဲ့ velocity ထက်နည်းတဲ့ velocity နဲ့ယဉ်ဆီ ကို တည့်တည့်မတ်မတ် ရောက်သွားပါလိမ့်မယ်။

Harry said...

ငါက သင့်ကိုယ်သင် ကတ်ကြေးနှင့် ထိုးသတ်လိုက်ပါလို့များ ဖြေမလားလို့။ ဟားဟား