Thursday, March 19, 2009

ကဗျာ

ဘာမဟုတ်တာကို
ကဗျာတစ်ပုဒ်ရေးပြီး
အထာလုပ်တယ်လို့တော့မထင်ပါနဲ့။

တကယ်တော့ မင်းရဲ့အပြုံးများမှာ
ကိုယ့်ရဲ့နှလုံးသားဟာ ရုံးမထွက်နိုင်လို့
အရှုံးသမားဖြစ်ခဲ့ရတာပါ။

စတွေတဲ့နေ့ကဆို ဗုဒ္ဓဟူး
ကိုယ့်အတွက် မင်းဟာ အဟုတ်ထူးလို့
စားနေတဲ့ မုန့်ဘူးတောင် လွတ်ကျခဲ့သေးတယ်။

ကိုယ့်ရဲ့ အသည်းပန်းလေးရယ်
မင်းကို ကိုယ်စွဲလန်းလွန်းလို့
မင်းနေတဲ့ ပန်းဘဲတန်း အထိတောင်လိုက်ခဲ့မိတယ်လေ။

မင်းရဲ့အပြုံးလေးတစ်ချက် ပုံမှန်ဟာ
ကိုယ်ရဲ့ နှလုံးသွေးတစ်စက်ကို အစုန်အဆန်ဖြစ်အောင်လုပ်နိုင်လို့
ကိုယ်မင်းကို မျက်နှာလွှဲဖို့ ပုန်ကန်မိတယ်ကွာ။

ကိုယ့်ရဲ့ခံစားချက်တွေ လွန်ကဲ
အချစ်ဆိုတဲ့ နွံထဲမှာ
အသိတရားနဲ့နှလုံးသား လွန်ဆွဲနေခဲ့တယ်။

နှလုံးသားဟာ အသိတရားက ရုံးထွက်
နောက်ဆုံးတော့ မင်းဆီကို ဖုန်းဆက်ခဲ့တယ်
ဒါပေမယ်မင်း ရန်ငြိုးမရှိပဲ ကိုယ့်ကို မုန်းရက်ခဲ့တယ်နော်။

PS:တစ်ဦးတစ်ယောက်ကို ရည်စူးခြင်းမရှိပါ။

3 comments:

Harry said...

အဟီး.. ငါ ဒီဟာဖတ်ပြီးတော့ ခေါင်းပေါင်းကြီးနဲ့ မိုက်ရှေ့မှာ ပြောနေတဲ့ မင်းပုံကို ပြေးပြေးမြင်တယ် =D

Truzt_4ever said...

lolx သေချာတာပေါ့...
ဒီတစ်ခေါက်အငြိမ့်မှာထည့်ပြောလေ...

ရွှန်းမီ said...

ကဗျာက အထာပဲပါလား =) မိုက်၏