Friday, September 5, 2008

"ရင်လောက်မှန်းမှ ဒူးလောက်တင်" နှင့် "ဒူးလောက်တင်မှ ရင်လောက်ကျ"

အထက်ပါ စကားပုံ နှစ်ခုမှာ ဘယ်ဟာက အမှန်လဲ လို့မေးရင် ပထမဟာ အမှန်လို့ လူတော်တော်များများ ဖြေကြပါတယ်။ ကျွန်တော်လည်းမှားတယ်လို့တော့ မပြောချင်ပါဘူး။ ဒါပေမယ့် ပထမဟာက စကားပုံမဟုတ်ပါဘူး။ လူတွေပြောတဲ့ စကားသက်သက်ပါ။ တကယ့် စကားပုံ အစစ်အမှန်က ဒုတိယဟာပါ။ ဒီစကားဟာ ရှေးခေတ်မုဆိုးတွေ ကနေဖြစ်ပေါ်လာတဲ့ စကားပုံပါ။ ရှေးခေတ် မုဆိုးတွေဟာ ဒူးလေးကို အဓိကထားပြီး သုံးလေ့ရှိပါတယ်။ မုဆိုးတွေက ဒူးလေးပစ်ခါနီး လေးတင်ကြရပါတယ်။ အဲလို လေးတင်တဲ့အခါမှာ လေးကို ဒူးလောက်မှစတင်မှ ရင်ဘတ်လောက်မှာ လေးသွားကျတယ်လို့ပြောချင်တာပါ။ ဒူးအောက်မှ စတင်လျှင် ခါးကို တော်တော်လေးကုန်းရမှာ ဖြစ်ပြီးတော့ ဒူးအပေါ်ကစတင်လျှင်လည်း လေးမကျပဲရှိတတ်ပါတယ်။ မယုတ်မလွန်လုပ်ချင်းမှာ အစဉ်ပြေမှုကိုဖြစ်ပေါ်စေတယ်လို့ပြောချင်တာပါ။ တကယ့် စကားပုံရဲ့အဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ။ ပျက်အစဉ် ပြင်ခဏ ပါပဲခင်ဗျာ။ အားလုံးအမှန်ကို သိနိုင်ကြပါစေ။

No comments: